Phone Firmware ကို Rom (Read Only Memory) လို.ခေါ်ပါတယ်။ အဲဒီ Rom မှာ Official Rom (Google မှ အသိအမှတ်ပြု Firmware) နဲ. Custom Rom (Developer တွေက စိတ်ကြိုက် ပြင်ဆင်ထားတဲ့ Firmware) ဆိုပြီး နှစ်မျိုး ရှိတယ်။ ဖုန်းတွေမှာ Official Firmware တွေ တင်တဲ့အခါမှာ ပုံမှန်တင်နည်းအတိုင်းပဲတင်ပေးရမယ်လို.ပဲ ခဏမှတ်ထားပေးပါ။ ဘာကြောင့်လဲဆိုတော့ Huawei ဆိုတင်နည်း တမျိုး၊ Samsung ဆို တင်နည်းတမျိုး Sony, HTC, Lenovo, LG အစရှိသဖြင့် Firmware တင်နည်း တွေ တစ်မျိုး နဲ. တစ်မျိုး မတူညီကြပါဘူး။ သို.သော်လည်း Custom Rom တင်နည်းကတော့ ဖုန်းအားလုံးရဲ့ ၉၉% က အတူတူပါပဲ။ ဆိုလိုချင်တာက Custom Rom တင်နည်းလေး သိထားရင် Huawei, Samsung, HTC, Sony, Lenovo, LG ကြိုက်တဲ့ ဖုန်းအမျိုး အစားလာခဲ့ အကုန်လုံးကို Custom Rom တင်တက်ပြီဆိုတဲ့ သဘောပါပဲ။ Custom Rom တွေဟာ zip ဖိုင်နဲ.ပဲ လာလေ့ရှိပါတယ်။ အဲဒီဖိုင်ကို Extract ( ဖြည်ချစရာ) မလိုပါဘူး။ ဒီတိုင်းလေးပဲ အသုံးပြုရမှာပါ။ Custom Rom တင်နည်းက ၁။ ဖုန်း Model အလိုက် Custom Rom ကို ဒေါင်းလော့ဆွဲပါ။ zip ဖိုင်အနေနဲ. ရလာပါလိမ့်။ ၂။ ကိုယ်က Custom...