Phone Firmware ကို Rom (Read Only Memory)
လို.ခေါ်ပါတယ်။
အဲဒီ Rom မှာ Official Rom (Google မှ အသိအမှတ်ပြု
Firmware) နဲ. Custom Rom (Developer တွေက
စိတ်ကြိုက် ပြင်ဆင်ထားတဲ့ Firmware) ဆိုပြီး နှစ်မျိုး
ရှိတယ်။
ဖုန်းတွေမှာ Official Firmware တွေ တင်တဲ့အခါမှာ
ပုံမှန်တင်နည်းအတိုင်းပဲတင်ပေးရမယ်လို.ပဲ
ခဏမှတ်ထားပေးပါ။ ဘာကြောင့်လဲဆိုတော့ Huawei
ဆိုတင်နည်း တမျိုး၊ Samsung ဆို တင်နည်းတမျိုး Sony,
HTC, Lenovo, LG အစရှိသဖြင့် Firmware
တင်နည်း တွေ တစ်မျိုး နဲ. တစ်မျိုး မတူညီကြပါဘူး။
သို.သော်လည်း Custom Rom တင်နည်းကတော့
ဖုန်းအားလုံးရဲ့ ၉၉% က အတူတူပါပဲ။ ဆိုလိုချင်တာက
Custom Rom တင်နည်းလေး သိထားရင် Huawei,
Samsung, HTC, Sony, Lenovo, LG ကြိုက်တဲ့
ဖုန်းအမျိုး အစားလာခဲ့ အကုန်လုံးကို Custom Rom
တင်တက်ပြီဆိုတဲ့ သဘောပါပဲ။
Custom Rom တွေဟာ zip ဖိုင်နဲ.ပဲ လာလေ့ရှိပါတယ်။
အဲဒီဖိုင်ကို Extract ( ဖြည်ချစရာ) မလိုပါဘူး။
ဒီတိုင်းလေးပဲ အသုံးပြုရမှာပါ။
Custom Rom တင်နည်းက
၁။ ဖုန်း Model အလိုက် Custom Rom
ကို ဒေါင်းလော့ဆွဲပါ။ zip ဖိုင်အနေနဲ. ရလာပါလိမ့်။
၂။ ကိုယ်က Custom Rom တင်ချင်တဲ့ ဖုန်းက CWM
(ClockWorkMod) တင်ပေးရပါမယ်။
၃။ အဲဒီ Custom Rom zip ဖိုင်လေးကို SD Card
အလွတ် ထဲကို ကော်ပီကူးထည့်ပါ။ တခြားဖိုင်တွေ SD
Card ထဲမှာ ရှိနေရင် သိပ်မကောင်းမှာ ဆိုးလို.ပါ။
၃။ ဖုန်းပါ၀ါပိတ်၊ ဓါတ်ခဲဖြုတ်၊ ခုနက Custom
Rom ကော်ပီကူးထည့်ထားတဲ့ SD Card ထည့်၊
ဓါတ်ခဲပြန်တက်။
၄။ Phone ကို Vol Up + Power ကို တွဲနှိပ်ပြီး CWM
Recovery ထဲဝင်ပေးရပါမယ်။ တချို.ဖုန်းတွေမှာတော့
Recovery Mode က Vol Up + Power ဟုတ်ချင်မှ
ဟုတ်မှာပေါ့။ ဒါပေမယ့် များသောအားဖြင့်တေ့ Vol Up +
Power ပါ။
၅။ အခု အချက်ကတော့ အရေးကြီးတယ် Wipe Cache
Partition လုပ်ပါ။ ပြီးရင် Wipe Data/ Factory Data
Reset လုပ်ပါ။ ( ဒီအချက် နှစ်ချက်ကို မလုပ်ရင် Custom
Rom မတက်ပဲ လိုဂိုမှာ တစ်နေတက်ပါတယ်)
၆။ Install Zip From SD Card မှ တဆင့် Choose
လုပ်ပေးပါ။ ကိုယ် CD Card ထဲ ကော်ပီးကူးထည့်ခဲ့တဲ့
Custom Rom လေးကို ရွေးပြီး Install
လုပ်ပေးလိုက်ရုံပါပဲ။
အားလုံးအဆင်ပါစေ။
@Mr.1w4nn
Comments
Post a Comment