Skip to main content

Qualcomm Mode ( QDloader 9008 Mode) ဝင်နည်း


        9008 Mode ဆိုတာ Qualcomm processer ရဲ့ Emergency Download Mode ကို ဆိုလိုတာပါ။ 9008 ကို တစ်နည်းအားဖြင့် Qualcomm HS USB QDloader Mode လို့လဲခေါ်ပါတယ် Qualcomm ဖုန်းတစ်လုံး Hardware ပိုင်းသာ ကောင်းနေပါစေ 9008 Mode ၀င်လို့ ရ ရင် Software ပိုင်းအနေနဲ့ ဘာပဲဖြစ်နေဖြစ်နေ ကယ်တင်လို့ ရပါတယ်။ 9008 Mode ၀င်ဖို့ Computer မှာ Qualcomm Hs USb Driver ကိုတော့ မောင်းနှင်ပေးထားရပါမယ်။ Xiaomi Bootloader Lock ဖုန်းတွေကို Firmwareပြန်တင်ဖို့ဆိုရင်တော့ 9008 Mode မှ တင်ပေးရပါတယ်။




ADB Command ဖြင့် 9008 mode ဝင်နည်း

            Adb Mode သိသေးတဲ့ အနေအထားဆိုရင် adb reboot edl လို့ ရိုက်လိုက်ပါက 9008 ကို ရောက်ပါတယ်9008 ကို ရောက်မရောက် ဘယ်လိုကြည့် မလဲ ဆိုတော့ Computer မှာ window key+R key ကို တွဲနှိပ်ပြီး RUN Box ခေါ်လိုက်ပါ ပြီးရင် devmgmt.msc လို့ ရိုက်လိုက် Device Manager ကိုရောက်သွားရင် Device Manager ရဲ့ Ports(COM&LPT) ဆိုတဲ့ နေရာမှာ Qualcomm HS-USB QDloader 9008 (COM*) ဆိုပြီးပေါ်နေပါလိမ့်မယ် သို့သော် ဒီနည်းကအလုံးတိုင်းတော့ ရမည် မဟုတ်ပါ။   





FASTBOOT Command ဖြင့် 9008 mode ဝင်နည်း
            ဖုန်းကို Fastboot Mode ဖြင့်ချိတ်ဆက်ပြီး command box မှာ fastboot oem edl လို့ရိုက်ပြီး Enter ခေါက်ပေးပါ။ ဖုန်းက Screen off သွားပြီး 9008 mode ထဲရောက်သွားပါပြီး။  ဒီနည်းကလဲ အလုံးတိုင်းတော့ အဆင် မပြေပါ




Key ဖြင့် 9008 ဝင်နည်း ()
ဖုန်းကို ပါ၀ါပိတ်လိုက်ပါ။ ပြီးရင် vol up + vol down ကို နှိပ်ပြီး ကြိုးထိုးလိုက်တာနဲ့ မိမိရဲ့ ဖုန်းဟာ Vibrate တစ်ချက်တုန်သွားပါလိမ့်မည်။ Device Manager >> Ports ( COM & LPT) မှာလည်း Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။ Mi Max ,Mi Max2 ,Redmi 4 ,Redmi 3 များကို ဒီနည်းလမ်းနဲ့ 9008 Mode ဝင်နိုင်ပါတယ်။
 

Key ဖြင့် 9008 ဝင်နည်း ()
            ဖုန်းကို ပါ၀ါပိတ်လိုက်ပါ။ ပြီးရင် vol dwn + power ကို ဖိထားပါ။ Menu ပေါ်လာရင် Download ကိုနှိပ်ပြီး 9008  Mode ကိုဝင်နိုင်ပါတယ်။ Redmi 3s, Redmi 3x, Redmi 4 တွေကို ဒီနည်းလမ်းနဲ့  9008 Modeကိုဝင်လို့ရပါတယ်။      





Xiaomi Jig ဖြင့် 9008 mode ဝင်နည်း
ဖုန်းပါ၀ါ ပိတ်လိုက်ပါ. Jig ကြိုးက ခလုပ်ကို ဖိပြီး ကွန်ပျူတာ နဲ့ ဖုန်းကို ကြိုး ထိုးလိုက်ပါ. ပြီးရင် Jig ကြိုးက ခလုပ်ကို လွတ်ပါDevice Manager >> Ports ( COM & LPT) မှာလည်း Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
Logo ရပ်နေတယ် ဆိုရင်လည်း Logo ရပ်နေတဲ့ အနေအထားကနေ Jip ကြိုးက ခလုပ်ကိုဖိပြီး ဖုန်း နဲ့ ကွန်ပျူတာကို ကြိုးထိုးလိုက်ပါ။ ပြီးရင် ဖုန်း က ပါဝါ ခလုပ်ကို ဖိထားလိုက်ပါ ပါဝါပိတ်သွားပီးမှ Jig ကြိုးက ခလုပ်ကို လွတ်ပါ။Device Manager >> Ports ( COM & LPT) မှာလည်း  Qualcomm HS-USB QDLoader 9008”ဆိုပြီးသွားပေါ်နေပါလိမ့်မည်။အလုံးတိုင်းမရပါ။
 

  

Test Point ထောက်ပြီး 9008 mode ဝင်နည်း။
            အသေချာဆုံး နည်းလမ်းနဲ့ အရှင်းဆုံး နည်းလမ်းလေးပါ (အဖုံးခွာရင် Warranty ပျက်တာ မို့လို့ Software ပိုင်းနဲ့ ဘယ်လို မှ ၀င်လို့ မရတဲ့ အခြေအနေမှ ၀င်ဖို့ အကြံပေးချင်ပါတယ်) Qualcommm ဖုန်းတွေမှာ 9008 Mode ၀င်လို့ ရတဲ့ Testpoint လေးတွေ ရှိပါတယ် အဲ့point လေး နှစ်ခုကို ဇာဂနာ နဲ့ထောက်ပြီး ၀င်ရမှာဖြစ်ပါတယ် ဒီနည်းကတော့ အလုံးတိုင်း အဆင်ပြေပါတယ် ။ Xiaomi ဖုန်တွေရဲ့ Test Point ပုံများကို ကြည့်ရန်နှိပ်ပါ။ ပုံတွင် Mi 5 ရဲ့ Test Point ကို နမူနာပြပေးထားပါတယ်။



Comments

Popular Posts

Xiaomi Phone Test Point

Mi Note 3 Mi Mix 2 Mi Mix MI Max 2 Mi Max Mi A1 Mi 6 Mi 5x Mi 5s Plus Mi 5s Mi 5 Mi 4 Mi 3 Mi 2 Redmi 2 Redmi 3 Redmi 3x/s Redmi 4 Redmi 4a Redmi 5 Plus Redmi 5 Redmi 5a Redmi Note 5a Redmi Note 4x Redmi Note 3 Pro Redmi Note 4G

Mi Account Remove Firmware Collection

Mi Account ဖြည်လိုသူအများအတွက် Mi Account ဖြည့်လို့ရမဲ firmware လေးတွေ မျှပေးလိုက်ပါတယ်။ Redmi 1s (3G) armani_global_images_v7.0.5.0.khcmici_20151016.0000.3_4.4_global_734b75fed8.tgz Redmi 2 (4G)/Prime wt88047_global_images_v7.0.5.0.khjmici_20151016.0000.3_4.4_global_8cb074b22c.tgz Redmi Note 2   hermes_global_images_6.9.8_20160805.0000.29_5.0_global_5a3fb52807.tgz Redmi Note 3 MTK   hennessy_images_v8.0.1.0.lhncndg_20160805.0000.29_5.0_cn_8eb0e50556.tgz Mi Note Pro   http://d-h.st/8BIv Mi 4i   ferrari_global_images_v7.0.3.0.lximici_20151016.0000.3_5.0_global_7ded11d610.tgz Mi Pad   mocha_global_images_v7.0.2.0.kxfmici_20151016....