Skip to main content

Huawei C8500 ,CDMA 800MHz မြန်မာfont ကီဘုတ်ထည့်သွင်းနည်း

ဒီပိုစ်လေးကတော့ ကျနော့် Huawei c8500 တစ်လုံကိုမြန်မာစာသွင် တာ အဆင်မပြေတာနဲ့ googleမှာတက်မွေရင်းရှာတွေခဲ့တာပါ အဆင်ပြေလို့ ပြန်လည်မျှဝေပေးလိုက်တာပါ။
CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500 ,C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။
လိုအပ်တဲ့softwareတွေကိုတော့ uploadမတင်ပေးတော့ပါဘူး
နော် serviceသမားတစ်ယောက်မှာတော့ ရှိပြီးသားတွေပါပဲ့ ဒန်ဒန် :/ :/ :/ 

Comments

Popular Posts

Qualcomm Mode ( QDloader 9008 Mode) ဝင်နည်း

        9008 Mode ဆိုတာ Qualcomm processer ရဲ့ Emergency Download Mode ကို ဆိုလိုတာပါ။ 9008 ကို တစ်နည်းအားဖြင့် Qualcomm HS USB QDloader Mode လို့လဲခေါ်ပါတယ် Qualcomm ဖုန်းတစ်လုံး Hardware ပိုင်းသာ ကောင်းနေပါစေ 9008 Mode ၀င်လို့ ရ ရင် Software ပိုင်းအနေနဲ့ ဘာပဲဖြစ်နေဖြစ်နေ ကယ်တင်လို့ ရပါတယ်။ 9008 Mode ၀င်ဖို့ Computer မှာ Qualcomm Hs USb Driver ကိုတော့ မောင်းနှင်ပေးထားရပါမယ်။ Xiaomi Bootloader Lock ဖုန်းတွေကို Firmware ပြန်တင်ဖို့ဆိုရင်တော့ 9008 Mode မှ တင်ပေးရပါတယ်။ ADB Command ဖြင့် 9008 mode ဝင်နည်း             Adb Mode သိသေးတဲ့ အနေအထားဆိုရင် adb reboot edl လို့ ရိုက်လိုက်ပါက 9008 ကို ရောက်ပါတယ် ။ 9008 ကို ရောက်မရောက် ဘယ်လိုကြည့် မလဲ ဆိုတော့ Computer မှာ window key+R key ကို တွဲနှိပ်ပြီး RUN Box ခေါ်လိုက်ပါ ပြီးရင် devmgmt.msc လို့ ရိုက်လိုက် Device Manager ကိုရောက်သွားရင် Device Manager ရဲ့ Ports(COM&LPT) ဆိုတဲ့ နေရာမှာ Qualcomm HS-USB QDloader 9008 ( COM*) ဆိုပြီးပေါ်နေပါလိမ့်မယ် သို့သော် ဒီနည်းကအလုံးတိုင်းတော့ ရမည် မဟုတ်ပါ။    

Xiaomi Phone Test Point

Mi Note 3 Mi Mix 2 Mi Mix MI Max 2 Mi Max Mi A1 Mi 6 Mi 5x Mi 5s Plus Mi 5s Mi 5 Mi 4 Mi 3 Mi 2 Redmi 2 Redmi 3 Redmi 3x/s Redmi 4 Redmi 4a Redmi 5 Plus Redmi 5 Redmi 5a Redmi Note 5a Redmi Note 4x Redmi Note 3 Pro Redmi Note 4G

HUAWEI NOTI THEME FIXER

Huawei phone တွေ Firmware ရေးပြီး နို့သီး အလုပ်မလုပ်လျှင် Fix လုပ်လို့ရမယ့် Software လေးပါ😋၊ EMMC Info တွေလည်း ကြည့်လို့ ရပါတယ်၊ 830 MB ကျော်တဲ့ Software ကို 2MB ဖြစ်အောင် High Compress လုပ်ထားတဲ့အတွက် ဒေါင်းတဲ့သူတွေ ဖုန်းဘေ အကုန်အကျ အရမ်းသက်သာပါတယ်၊  လိုအပ်တဲ့သူတွေ၊ စမ်းကြည့်ချင်တဲ့ သူတွေ အောက်က Link ကိုနှိပ်ပြီး ဒေါင်းထားကြပေါ့။ credit>GSM Crack and Solution Download