Skip to main content

✔Root Firewall PRO v2.1(for andrroid)✔

✔Root Firewall PRO v2.1(for andrroid)✔   -ဖုန်းထဲမှာဒီဆော့ဝဲထည့်ထားရင်အင်တာနက် လိုင်းအားမြှင့်လာစေမယ့် Root-Firewall-PRO v2.1 ဆိုတဲ့application လေးတစ်ခုတင်ပေးလိုက်ပါတယ်-  ကျွန်တော်တို့ရဲ့ဖုန်းတွေထဲမှာကျွန်တော်တို့ရဲ့ အင်တာနက်လိုင်းကိုအမြဲတစေယူသုံးနေတဲ့ Application တွေရှိနေတာကိုဖုန်းသုံးနေတဲ့ သူငယ်ချင်း အားလုံးနီးပါးသိကြမှာပါ။  ကိုယ့်အတွက်အသုံးဝင်လို့ အင်တာနက်ချိတ်ဆက်ပြီး အသုံးပြုတာက ဘာမှမဖြစ်ပေမယ့် ဖုန်းမှာ Original ပါဝင်ပြီး ကျွန်တော်တို့အတွက် လည်း အမှန်တကယ် အသုံးမ၀င်ပဲ အင်တာနက်ကို ချိတ်ဆက် အသုံးပြုနေတဲ့ Application တွေကတော့ ကျွန်တော်တို့ရဲ့ မစို့မပို့ ကွန်နက်ရှင်အတွက် တကယ်ကို အနှောက်အယှက်ပါပဲ။  အဲဒီတော့ ကျွန်တော်တို့ရဲ့ ဖုန်းထဲက Application တွေကို ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အင်တာနက် အသုံးပြုခိုင်းစေနိုင်မယ့် Application လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။  Application ရဲ့ နံမည်ကတော့ Root Firewall  ဖြစ်ပါတယ် ... Free Version မှာတော့ Application အကန့်အသတ်နဲ့သာ သုံးခွင့်ရှိတဲ့အပြင် အချိန်အကန့်အသတ်လည်း ရှိနေပါတယ်။  အခုကျွန်တော်တင်ပေးထားတဲ့ Root Firewall ကတော့ Pro Version ဖြစ်တာကြောင့် ကိုယ်ထိန်းချုပ်ချင်သလောက် Application တွေကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်ထားနိုင်ပါတယ်။  ဒါပေမယ့် ဒီ Application လေးကို Root ဖောက်ထားတဲ့ Android ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  -Apk file sizeက1.1MBရှိပြီး Android OS version2.1နှင့်အထက်ဖုန်းများ မှာထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်-  ကဲ .. လိုချင်တဲ့ သူငယ်ချင်းများအောက်မှာ ဒေါင်းယူနိုင်ပါတယ်။ 
DOWNLOAD
  ဒေါင်းလို့ ရလာတဲ့ Apk ဖိုင်ကို ဖုန်းထဲမှာ Install လုပ်လိုက်ပါ Install လုပ်ပြီးလို့ Application ကို ဖွင့်လိုက်ရင်  ပွင့်လာတဲ့ထဲက အင်တာနက်အသုံးပြုမှုကို ပိတ်ထားချင်တဲ့ Application တွေကို အမှန်ခြစ်တပ်ပေးပြီး အောက်ဆုံးက Apply Now ကို နှိပ်ပေးလိုက်ပါ။  ဒါဆိုရင် အဲဒီ Application ဟာ ဒီထိန်းချုပ်မှုကို မဖယ်ပေးမချင်း အင်တာနက် အသုံးပြုနိုင်ခွင့် မရရှိတော့ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့အတွက် အင်တာနက်လိုင်းအားကို ပိုမိုအသုံးပြုခွင့် ရရှိလာပါမယ်။ 

Comments

Popular Posts

Qualcomm Mode ( QDloader 9008 Mode) ဝင်နည်း

        9008 Mode ဆိုတာ Qualcomm processer ရဲ့ Emergency Download Mode ကို ဆိုလိုတာပါ။ 9008 ကို တစ်နည်းအားဖြင့် Qualcomm HS USB QDloader Mode လို့လဲခေါ်ပါတယ် Qualcomm ဖုန်းတစ်လုံး Hardware ပိုင်းသာ ကောင်းနေပါစေ 9008 Mode ၀င်လို့ ရ ရင် Software ပိုင်းအနေနဲ့ ဘာပဲဖြစ်နေဖြစ်နေ ကယ်တင်လို့ ရပါတယ်။ 9008 Mode ၀င်ဖို့ Computer မှာ Qualcomm Hs USb Driver ကိုတော့ မောင်းနှင်ပေးထားရပါမယ်။ Xiaomi Bootloader Lock ဖုန်းတွေကို Firmware ပြန်တင်ဖို့ဆိုရင်တော့ 9008 Mode မှ တင်ပေးရပါတယ်။ ADB Command ဖြင့် 9008 mode ဝင်နည်း             Adb Mode သိသေးတဲ့ အနေအထားဆိုရင် adb reboot edl လို့ ရိုက်လိုက်ပါက 9008 ကို ရောက်ပါတယ် ။ 9008 ကို ရောက်မရောက် ဘယ်လိုကြည့် မလဲ ဆိုတော့ Computer မှာ window key+R key ကို တွဲနှိပ်ပြီး RUN Box ခေါ်လိုက်ပါ ပြီးရင် devmgmt.msc လို့ ရိုက်လိုက် Device Manager ကိုရောက်သွားရင် Device Manager ရဲ့ Ports(COM&LPT) ဆိုတဲ့ နေရာမှာ Qualcomm HS-USB QDloader 9008 ( COM*) ဆိုပြီးပေါ်နေပါလိမ့်မယ် သို့သော် ဒီနည်းကအလုံးတိုင်းတော့ ရမည် မဟုတ်ပါ။    

Xiaomi Phone Test Point

Mi Note 3 Mi Mix 2 Mi Mix MI Max 2 Mi Max Mi A1 Mi 6 Mi 5x Mi 5s Plus Mi 5s Mi 5 Mi 4 Mi 3 Mi 2 Redmi 2 Redmi 3 Redmi 3x/s Redmi 4 Redmi 4a Redmi 5 Plus Redmi 5 Redmi 5a Redmi Note 5a Redmi Note 4x Redmi Note 3 Pro Redmi Note 4G

HUAWEI NOTI THEME FIXER

Huawei phone တွေ Firmware ရေးပြီး နို့သီး အလုပ်မလုပ်လျှင် Fix လုပ်လို့ရမယ့် Software လေးပါ😋၊ EMMC Info တွေလည်း ကြည့်လို့ ရပါတယ်၊ 830 MB ကျော်တဲ့ Software ကို 2MB ဖြစ်အောင် High Compress လုပ်ထားတဲ့အတွက် ဒေါင်းတဲ့သူတွေ ဖုန်းဘေ အကုန်အကျ အရမ်းသက်သာပါတယ်၊  လိုအပ်တဲ့သူတွေ၊ စမ်းကြည့်ချင်တဲ့ သူတွေ အောက်က Link ကိုနှိပ်ပြီး ဒေါင်းထားကြပေါ့။ credit>GSM Crack and Solution Download