သင့် Android Device ကောင်းကောင်း အလုပ်မလုပ်တော့ တဲ့အခြေအနေ တွေမှာ SafeMode ကနေ ပြသနာတွေကို အဖြေရှာ နိုင်ပါတယ်.
Window မှာလိုပဲ Android မှ SafeMode ကိုဝင် လို့ရပါတယ်... Android မှာ SafeMode ကိုဝင်ရင် third-party application တွေကို Disable လုပ်ပေး ထားမှာ ဖြစ်ပါတယ်..
သင့် Android Devices မှာ Apps တွေ သုံးနေရင်းနဲ့ ပိတ်ထားတာတွေ ၊ ဖုန်းတွေလေး လာတာတွေ ၊ Apps တွေ အလုပ်ကောင်း ကောင်းမလုပ် တော့ပဲ ရပ်နေတာတွေကို Battery ကြာရှည်စွာ အသုံးမခံတော တာတွေ စတာတွေကို SafeMode ကိုဝင်ပီး အဖြေရှာ နိုင်ပါတယ် .. SafeMode ကိုဝင်ပီး ဖြစ်နေတဲ့ ပြသနာတွေ ဖြစ်သေးလား ဆိုတာ စမ်းသပ်ကြည့်ပါ.. SafeMode မှာ ပြသနာတွေ မဖြစ်တော့ရင် Application တွေကြောင့် ဖြစ်နိုင်ပီး ပြသနာရှိ နိုင်တဲ့ Apps တွေကို Uninstall လုပ်နိုင် ပါတယ်.. SafeMode ကိုဝင်ခြင်း.. Android 4.1 နဲ့ အထက်တွေမှာ SafeMode ကိုဝင်ဖို့ အတွက် Power Options Menu ကိုမြင်တဲ့ အထိ Power ခလုတ်ကို ဖိထားပါ .. ဒါဆိုရင် SafeMode ကိုုဝင် မလားမေး ပါလိမ့်မယ် .. OK နှိပ်ပီး ဝင်လိုက်ပါ ... Android version အဟောင်း တွေမှာ ဖုန်းကို Power ကို ပိတ်လိုက်ပါ.. ပြန်ဖွင့်တဲ့ အခါမှာ Power ခလုတ်ကို နှိပ်လိုက်ပါ.. ပီးရင် လွှတ်လိုက်ပါ .. logo ပေါ်လာ တာကိုမြင်လျှင် Volume up နဲ့ Volume Down ကို ပြိုင်တူ ဖိနှိပ်ထား လိုက်ပါ.. ဘယ်ဘက် အောက်ဒေါင့်မှာ SafeMode မပေါ် မခြင်း နှိပ်ထား ပေးလိုက်ပါ.. SafeMode ကိုရောက် သွားပါလမ့်မယ်... SafeMode မှာသင့်ရဲ့ Android Devices မှာ နဂိုပါလာတဲ့ Apps တွေကိုပဲ အသုံးပြုလို့ ရမှာဖြစ်ပါတယ်.. ကျန်တဲ့ Apps တွေကို Disable လုပ်ထားမှာ ဖြစ်ပါတယ် .. သင့်ဖုန်းကို သာမန်အတိုင်း ပဲသုံးကြည့်ပါ... အဲဒီမှာ ပြသနာတွေ ဖြစ်သေးလား ဆိုတာကို စောင့်ကြည့်ပါ ... ပြသနာတွေ မဖြစ်တော့ ရင်တော့ သင် Install လုုပ်ထားတဲ့ Third Party apps တွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်.. Apps တွေကို Disable လုပ်ထား ပေမဲ့ လဲဖျက်ပစ် လို့တော့ ရပါတယ်.. ဖျက်မယ် ဆိုရင်တော့ Setting ထဲမှ တဆင့် Application ထဲမှာ Uninstall လုပ်ပေးလိုက်ပါ.. Error တက်တယ်လို့ ထင်ရတဲ့ Software တွေကို ဖျက်ပေးလိုက်ပါ .. အဲဒီ SafeMode ပျောက်သွား တော့မှ ဖျက်ထားတဲ့ Apps တွေကို တစ်ခုခြင်း ပြန်ပီး Install လုပ်ပီး သုံးကြည့်ပါ.. Error တက်လာတဲ့ တစ်ခုက သင့်စက်နဲ့ အဆင်မပြေတဲ့ Apps ပါ... အဲဒါကိုု မသွင်းနဲ့ပေါ့နော.. အဲလိုမှ မရသေး ရင်တော့ ဖုန်းကို Factory data/reset လုုပ်ပေးရပါမယ် .. Factory data/ reset ဆိုတာက စက်ရုံက ထုတ်လုပ်ပေး လိုက်တဲ့ပုံစံ အတိုင်းအသစ် ဖြစ်နေတဲ့ ဖုန်းရဲ့ပုံစံကို ပြောတာပါ .. သင့်ဖုန်းရဲ့ Internal Memory ထဲမှာ ရှိတဲ့ Data တွေ အားလုံးပျက် ပါလိမ့်မယ် .. အဲဒီအတွက် Backup တော့ ကြိုလုပ်ထားပေါ့.. Factory data/ reset လုပ်မယ် ဆိုရင်တော့ Setting ထဲမှ Backup Reset ထဲမှာ သွားပီး လုပ်နိုင်ပါတယ် .. နောက်တနည်းက Recovery Mode ကိုဝင်ပီးတော့ Factory data/ reset ကိုရွေးပေးပီး Yes လုပ်ပေး လိုက်ပါ ... အဆင်ပြေပါစေ.. ဖုန်းမှာ Safe Mode ဖြစ်နေပုုံကို အောက်မှာ ပုံလေးနဲ့ ပြထား ပါတယ်နော််
Comments
Post a Comment