ကျွန်တော် ဒီpost လေးကိုရေးတဲ့အကြောင်းကတော့ mobile service တောတော်များများကလည်း China Table တွေ Firmwareကျရင်ပြန်ရေးပေးဖို့ ခဲရင်းနေတာကြောင့်ရယ် ၊ ရတယ်ဆိုရင်လည်း service charges ကိုအဆမတန်းတောင်းထားတာမျိုးလည်း တွေ့ဖူးပါတယ်။ ပြီးတော့ စမ်းသပ်ချင်တဲ့ အကိုတွေအတွက်လည်း စမ်းတဝါးဝါါ် ဖြစ်မနေ စေချင်တာကြောင့် ဒီpostလေးကို ရေးလိုက်တာပါ။
အခုဆိုရင် ဈေးကွက်မှာလည်း China Table တွေ တော်တော်များများ နေရာယူလာတာတွေ့ရတယ် ၊ အဲ့ဒီအတွက်လည်း Firmware ပြဿနာကို ကြီးကြီးမားမား စိတ်ထဲမထားပဲ လွယ်လွယ်ကူကူ မိမိဘာသာလေ့လာစေချင်ပါတယ်။ ပုံမှန်အားဖြစ် အတွေ့များတဲ့ Table တွေကတော့ အခုလက်ရှိ လူသုံးများတဲ့ MOMO ၊ONDA ၊China Tablet Galaxy တို့ ဖြစ်ပြီး ကျွန်တော်တို့မသိသေးတဲ့ နာမည်တွေနဲ့ Table မော်ဒယ်တွေလည်းအများကြီး ရှိနိုင်ပါတယ် ။ Table တွေမှာ မော်ဒယ်တွေအမျိုးစားတွေ ကွဲလွဲနေသလို သူတို့ရဲ့ CPU အမျိုးစားဖြစ်တဲ့ A10 ၊A13 ၊A23 ဆိုပြီးကွဲနေပေမဲ့ အားလုံးနည်းပါး တူကြပါတယ်။
Table ကို Firmwareရေးမယ်ဆိုရင် ခက်ခဲနေတာက ဒီTable ကို ဘယ်Firmwareနဲ့ ရေးမလည်း၊ ဘယ်လိုရေးရမလည်း ဆိုတာပဲ့
MOMO ၊ONDA ၊Huawei ၊ Samsung အစရှိတဲ့ နာမည်ရှိပြီးသား Tablet တွေအတွက် အခက်ခဲမရှိနိုင်ပါဘူး။ Firmware ကလည်း သူ့မော်ဒယ်နဲ့သူ ရှာရတာလွယ်ကူပြီး ရေးရတာလည်း သူ့software နှင့်သူမို့ ရေးရတာ အခက်ခဲမရှိပါဘူး။
တကယ်လို့ China ကလာတဲ့ Samsung တံဆိပ်တပ်ထားတဲ့ Cloneတွေဆိုတော့ နည်းနည်း စဉ်းစားရမှာပေါ့ ။ ဒါပေမဲ့ အရမ်းကြီးလည်းမခက်ခဲပါဘူး။
ပထမဆုံး နောက်ကာဗာကို ဖွင့်ပြီး CPU ရဲ့ မော်ဒယ်ကိုကြည့်မယ် Mainboard ရဲ့မော်ဒယ်ကိုကြည့်ပါမယ်၊ CPU က A1S3, Mainboard မော်ဒယ်က Q8_V1•3 ဆိုပြီးတွေ့ပါမယ်။အ့ဒါကတော့ ကျွန်တို့ရှာပြီး ရေးပေးရမဲ့ Firmware ရဲ့နာမည်ပါ။ Table တွေရဲ့ Mainboard မော်ဒယ်တွေကို နေရာအမျိုးမျိုးမှာ တွေ့နိုင်ပါတယ်၊ တစ်ခါတစ်လေboard ရဲ့မြင်သာတဲ့နေရာမှာတွေနိုင်ပါတယ်၊ တစ်ချို့Table တွေမှာ မော်ဒယ်ရှာမတွေ့တာမျိုးလည်းရှိနိုင်ပါတယ်။ ရှိပါတယ်သူတို့က mainboardရဲ့အောက်ဘက်မှာရေးထားလို့ပါ၊ မှတ်မှတ်ရရ China Samsung Galaxy Tab ဆိုတဲ့ cloneတွေမှာပါတယ်။ ဒါကြောင့်တစ်ခါတစ်လေ အပေါ်ကာဗာခွာကြည့်ရုံနဲ့ မမြင်ရတဲ့အခါ board မှာကပ်ထားတဲ့ screw ကိုသေချာဖြုတ်ပြီးအောက်ဘက်မှာလှန်ကြည့်ပါ။ များသောအားဖြင့်က Tabletတွေရဲ့ မော်ဒယ်ကို မြင်သာတဲ့ Mainboardပေါ်မှာပဲ့ ရေးထားပေးလေ့ရှိပါတယ်။
ဒါဆို မော်ဒယ်သိပြီ မို့ လိုချင်တဲ့Firmware ကို အင်တာနက်ပေါ်မှာ ဒေါင်းလုပ်ဆွဲလို့ရပါပြီ ၊ Googleမှာရှာမယ်၊ 4sharedမှာရှာမယ်။များသေးအားဖြင့် Table Firmware တော်တော်များများက www.4shared.com မှာ ရှိပါတယ်။ ကိုယ်က T736_Mainboard _V2•1 ကိရှာချင်တယ်ဆိုရင် ပထမဆုံး www.4shared.comကိုသွားမယ် အပေါ်က search box မှာလိုချင်တဲ့ မော်ဒယ်ရိုက်ထည့်မယ် ။ T736_Mainboardလို့ရိုက်ထည့်လိုက်တာနဲ့ သူရှာလို့တွေ့တာ လာပြပါလေ့မယ်။ ကိုယ်လိုချင်တဲ့ Firmwareကိုရွေးပြီး ဒေါင်းလုပ်လိုက်ပါ
Firmware လည်းရပြီဆိုတော့ ရေးဖို့ပဲ့ကျန်ပါတော့တယ်၊ A10 ၊A13 ၊A23, CPU နဲ့အလုပ်လုပ်တဲ့ Tablet တွေကို firmware ရေးဖို့အတွက် မိမိ ကွန်ပျူတာမှာ LiveSuit , PhoenixSuit , AML Flash toolဆိုတဲ့ firmware ရေးဖို့ toolတစ်ခုခုရှိဖို့လိုပါတယ်။ မရှိသေးရင်လည်းရှာပြီး ဒေါင်းလိုက်ပါ၊ များသောအားဖြင့် *.rar , *.zipနဲ့ ဒေါင်းလုပ်ဆွဲယူရတဲ့ Firmwareတွေမှာ Upgrade tool( LiveSuit , PhoenixSuit) တစ်ခုခုပါပြီးသားဖြစ်ပါတယ်။ တစ်ချို့ ONDA Table တွေကျတော့ AML flash tool ကိုအသုံးပြုပြီးရေးပေးရပါတယ်။
အခုဆိုရင်တော့ အားလုံးလည်းပြည့်စုံနေပြီ ဆိုတော့ Firmware ကိုစတင်ရေးလို့ရပါပြီ။
အဆင်ပြေပါစေ။
BokpyinTha
Comments
Post a Comment