ကွန်ပျူတာ နဲ့ ဖုန်း ချိတ်ဆက်နိုင်ဖို့အတွက် UEB Debugging Mode ကို on ပေးထားဖို့လိုပါတယ်။
ဒါမှလည်း ကွန်ပျူတာ နဲ့ ဖုန်း ကာင်းစွာချိတ်မိပြီး အလုပ်လုပ်နိုင်မှာပါ။
Debugging Mode ကို on ပေးဖို့အတွက် ကိုယ့်သုံးပြုတဲ့ Android Version ပေါ် မူတည်ပြီးပြုလုပ်ပေးရတာ အနည်းငယ်ကွဲပြားပါတယ်။
Android version 2.0 ကနေပြီး 2.3 အထကတော့ (၁) Setting ထဲသို့ ဝင်ပါ ၊ (၂) Applications ကိုဆက်နှိပ်ပါ ၊ (၃) Development ၊ (၄) "Usb Debugging" ဆိုပြီး အဆင့်ဆင့်သွားပေးရမှာဖြစ်ပါတယ်။
Android version 3.0 ကနေ 4.1 အထိကတော့ (၁) Setting ထဲကိုဝင်မယ် ၊ (၂) Developer options ၊ (၃) Usb Debugging ပါ။
Android version 4.2 ၊ 4.3 နဲ့ နောက် ဗားရှင်း အသစ်တွေ အတွက်ကတော့ သူတို့ က စစချင်းမှာ Developer options ဆိုတာပါမလာဘူး။ အ့ဒါကြောင့် အရင်ဆုံး Developer options ဖွင့်ပေးဖို့ လိုပါတယ်။ အရင်ဆုံး နံဘတ်(၁) အနေနဲ့ Setting ထဲကိုဝင်ပါ ၊ (၂) About phone ၊ (၃) "Build Nunber" ဆိုတာကို မြန်မြန်လေး (၇) ချက်လောက်တောက်လိုက်ပါ။ ဒါဆိုရင်တော့ "Developer options" ဖွင့်ပြီးပါပြီ ဆိုတဲ့ မက်ဆေ့ခ်ျ ပြလာပါလိမ့်မယ်။ (၄) Back ကီးကို ပြန်နှိပ်ပြီး ထွက်လိုက်ပါ။ (၅) အခုမှပေါ် လာတဲ့ Developer options ဆိုတာကိုနှိပ်ပါ ၊ (၆) "Developer options"ဆိုတာလေးကို ဖွင့်ပေးပြီး "Usb Debugging" ဆိုတာလေးကို အမှန်ခြစ်ပေးလိုက်ပါ။
BokpyinTha
Comments
Post a Comment