HTC မှာတိုင်ပတ်နေတဲ့ သူငယ်ချင်းတွေ အတွက် HTC Firmware တင်နည်းလေးကို ရေးလိုက်တာပါ။ HTC ကတော့ Android ဖုန်းတွေမှာ စည်းမျဉ်းစည်းကမ်းတွေကို အရမ်းတိကျတဲ့ ဖုန်းလို့ပြောလို့ရပါတယ်.. သူ့ကို Firmware ရေးမယ်ဆိုရင်တော့ အဆင့်တွေက များတယ်လို့ပြောရမှာပါ.. HTC ဖုန်းတွေ Firmware ရေးနည်းကတော အရမ်းလွယ်ပါတယ်.. တော်တော်လေးကို လွယ်ပါတယ်. ဒါပေမဲ့ Firmware ရှာရတဲ့အဆင့်ကတော့ ဘယ်ဖုန်းနဲ့မှ မတူပါဘူး.. HTC ဖုန်းတွေမှာ Firmware တင်မယ်ဆိုရင် ဖုန်းမှာCWMrecovery ချိန်းထားတယ်ဆိုရင် အဲဒီဖုန်းကို OriginalRecovery လို့ခေါ်တဲ့ StockRecovery ကိုပြန်ချိန်းပေးရပါမယ်.. CWMrecovery နဲ့ဆိုFirmwareရေးလို့ မရပါဘူး.. ပီးတော့ BootLoader Unlockလုပ်/မလုပ် ကိုလဲကြည့်ရပါမယ်.. တကယ်လို့ဖုန်းမှာ BootLoader Unlock လုပ်ထားရင်relockပြန်လုပ်ရပါမယ်.. adbFolderထဲမှာ Commandနဲ့ relock လုပ်ရပါမယ်.. အောက်က Command ကိုသုံးရပါမယ်.. fastboot oem lock ဆိုပီးရိုက်ပီး Enter ခေါက်လိုက်ပါ.. အဲဒါဆိုဖုန်းက relock ဖြစ်သွားပါပီ.. ဒါဆို Firmware တင်လို့ရပါပီ. Firmware တင်မယ်ဆိုရင် Region နဲ့ MainVersion ကိုအရင်သိရပါမယ်.. ကိုယ်တင်မဲ့ဖုန်းရဲ့ Region နဲ့ Firmware ရဲ့ Regionကတူရပါမယ်.. MainVersion ကတော့တူရင်တူ၊ မတူရင်မြင့်ရပါမယ်.. အဲဒါတွေသိဖို့အတွက် အရင်ဦးဆုံး fastboot ၀င်ပီးComment ရိုက်ကြည့်ရပါမယ်.. ဖုန်းကို fastboot mode ကိုဝင်ဖို့အတွက် ဖုန်းကိုအရင် HBootကိုဝင်ရပါမယ်.. HBootကိုတော့ ဖုန်းကိုပိတ်ပီး ဓါတ်ခဲဖြုတ်၊ပြန်တပ် VolumeDown+power ကိုနှိပ်ထားလိုက်ပါ.. HBoot ထဲကိုရောက်သွား ပါလိမ့်မယ်.. အဲဒီထဲမှာ fastboot ဆိုတဲ့နေရာလေး ကိုပြန်ရွေးပေးလိုက်ပါ. ပီးရင်ဖုန်းနဲ့ ကွန်ပျူတာကိုချိတ်ဆက် ပေးလိုက်ပါ.. အဲဒါဆိုရင်အောက်က အတိုင်းဆက်လုပ်လို့ ရပါပီ. adb folder ကိုမိမိကွန်ပျူတာရဲ့ C:ဲကိုထည့်ထားပီး အဲဒီadb ထဲမှာအောက်က comment ကိုအသုံးပြုလိုက်ပါ.. Region သိဖို့အတွက် ဖုန်းရဲ့ cidnum သိရပါမယ်.. အောက်က ပုံထဲကအတိုင်း Comment ကို ကြိုက်နှစ်သက်တဲ့ တစ်ခုနဲ့ ရိုက်ကြည့်လိုက်ပါ..
စာတစ်ကြောင်း ရိုက်ပီးတိုင်းကွန်ပျူတာ ကီးဘုတ်မှ Enter ကိုခေါက်ရပါမည်.. ဒါဆိုကျွန်တော်တို့ ကျလာတဲ့ Box ထဲက cidnum: ဆိုတဲ့စာသားလေးကို တွေ့အောင်ရှာလိုက်ပါ.. အောက်မှာပုံနဲ့ ပြထားပါတယ်.. တွေ့ပီဆိုရင် အဲဒီ cidnum: နောက်ကစာကို ရေးမှတ်ထားလိုက်ပါ.. အဲဒီ cidnum ကိုဒီနေရာမှာ ရှာလိုက်ပါ.. http://pastebin.com/rNGgk492 အဲဒီ cidnum နဲ့ကိုက်တဲ့ Carrier/Region ကိုရှာလိုက်ပါ.. တွေ့ပီဆိုရင်အဲဒီ Carrier/Region ကိုလဲရေး မှတ်ထားလိုက်ပါ.. ဒါဆို ကျွန်တော်တို့ RUU ရှာလို့ရပါပီ.. RUU ဆိုတာ HTCFirmware တွေရဲ့အမည်လို့ ပြောလို့ပါတယ်.. ကျွန်တော်တို့ ရေးမှတ်ထားတဲ့ Carrier/Region နဲ့ကိုက်ညီမဲ့ RUU ကိုဒီနေရာမှာ ထပ်ရှာလိုက်ပါ - http://pastebin.com/vGxWfR27 ဆိုပီးပေါ့ .. RUU ရဲ့ပုံစံကို အောက်မှာပုံလေးနဲ့ ပြထားပါတယ်.. မိမိဖုန်းအမျိုး အစားကိုလဲ သိထားရပါမယ်.. Vivo_Wဆိုတာကဖုန်းရဲ့ CodeName / Model ပါ.. VERIZON_WWE ဆိုတာကတော့ Regionပါ.. 1.34.605.3 ဆိုတာကတော့ WWE ဆိုတဲ့Region နဲ့ ကိုက်ညီတဲ့ Versionပါ.. အဲဒီတော့ cidnum ကိုအရင်ကြည့်.. cidnum နဲ့ကိုက်ညီတဲ့ Regionကိုထပ်ရှာပါ.. Region ကိုတွေ့ပီဆိုရင် အဲဒီ Region ကိုမှတ်ထားပီး အဲဒီ Region နဲ့ကိုက်ညီမဲ့ MainVersion ကိုထပ်ရှာရပါမယ်.. Firmware ရှာတဲ့နည်းကဒါပါပဲ.. ရလာတဲ့ Firmware ဖိုင်က.exeဆိုတော့ ကွန်ပျူတာမှာ softwareInstall လုပ်သလိုအဆင့်ဆင့် လုပ်သွားရင် အဆင်ပြေပါပီ.. Firmware တင်ဖို့အတွက် ဖုန်းကို fastboot မှာထားပီး firmware တင်ရပါမယ်.. cidnumက 11111111 ဖြစ်နေရင်တော့ သင်အဲဒီနေ့ ကံကောင်းပါတယ်.. ကြိုက်တဲ့ Firmware တင်လိုက်.. OK ပါတယ်. ဖုန်းအမျိုးအစား မော်ဒယ်တော့ တူရမယ်နော်.. ကျန်တာဘာမှ စဉ်းစားစရာမလိုပါဘူး.. အဲဒါမျိုးများများ တွေ့ပါစေဆုတောင်းပေါ့.. အဲ. ဟိုစကားလိုပေါ့. ဆုတောင်းလေ. ဆုတောင်း..ဟဲ . တွေ့တဲ့ firmware တော့မတင်လိုက်ပါနဲ့ဗျာ. Errorတွေများပါတယ်.. HTCFirmware တင်ဖို့အတွက် BootloaderUnlock လုပ်ရမယ်.. CWMrecovery ကို StockRecovery သို့ချိန်းရအုံးမယ်.. အဲဒီအတွက် StockRecovery ကိုအင်တာနက် ပေါ်မှာလဲရှာရ ဦးမယ်. ပီးရင် cidnum ကိုကြည့်ရမယ်.. Region နဲ့ ကိုက်မဲ့ Version ကိုလဲရှာရ ဦးမယ်..အဲ. ပီးတော့တွေ့ရင်လဲ Error အတွက်ခေါင်းကိုက် ရဦးမယ်.. တော်တော်မလွယ်တဲ့ HTCပါ.. ကျွန်တော်ကတော့ HTC ကိုအလကားပေး တောင်မကိုင်ဘူးဗျ. ဘာကြောင့်လဲဆိုတော့ အဲဒီလိုခေါင်းရှုပ်စရာ တွေများနေလို့ပါ..ဟဲ. Stock Recovery ကိုအင်တာနက်မှာ ရှာမယ်ဆိုရင် www.google.com မှာ StockRecovery for HTC desire vc လို့ရှာလိုက်ပါ.. အဲဒီအခါသူရှိမဲ့ Website တွေကိုတွေ့ရပါလိမ့်မယ်. အဲဒီအထဲက ကိုယ်ကြိုက်တဲ့ LINK ကဒေါင်းယူလိုက်ပါ.. ဒါဆိုအဆင်ပြေပါပီနော်..

BokpyinTha
Comments
Post a Comment