ဒါကတော့ Xiaomi ကနေအသစ်ထွက်လာတဲ့ Mi Max စမတ်ဖုန်းပါ ။ ဒီဖုန်းရဲ့ထူးခြားချက်ကတော့ Screen size က ၆.၄၄ လက်မရှိပြီး တနေကုန်အသုံးခံတဲ့ 4850 mAh Battery ပမာဏကြီးထည့်သွင်းပေးထားတာပါပဲ။ စျေးကလည်း မြန်မာငွေ ၂ သိန်း ၉ သောင်းဝန်းကျင်ကနေစတယ်။ Android version ကလည်းမြင့်တယ်။ MI Max ရဲ့ System ပိုင်းအနေနဲ့ (Android 6.0.1) ကိုအသုံးပြုထားတာပါ။ Mi Max ကို အမျိုးအစားသုံးမျိုးနဲ့ထုတ်လုပ်ထားပါတယ်။ RAM 3GB နဲ့ Storage 32GB ပါဝင်ပြီး Snapdragon 650 Chipset အသုံးပြုထားတဲ့ MI Max က မြန်မာငွေ နှစ်သိန်းကိုးသောင်းဝန်းကျင် ၊ RAM 3GB နဲ့ Storage 64GB ပါဝင်ပြီး Snapdragon 652 Chipset အသုံးပြုထားတဲ့ MI Max က သုံးသိန်းနှစ်သောင်းဝန်းကျင် ၊ RAM 4GB နဲ့ Storage 128GB ပါဝင်ပြီး Snapdragon 652 Chipset တပ်ဆင်ထားတဲ့ MI Max က သုံးသိန်းခွဲဝန်းကျင်ခန့်ကျသင့်မှာပါ။ သုံးရတာတော်တော်သွက်ပါတယ်။ Camera ပိုင်းအရည်အသွေးအနေနဲ့ ဖုန်းရဲ့ ရှေ့ဘက်ခြမ်း Camera က 5 Megapixel ဖြစ်ပြီး နောက်ဘက်ခြမ်း Camera ကတော့ 16 Megapixel ဖြစ်ပါတယ်။ဖုန်းရဲ့နောက်ဘက်ခြမ်းမှာ Fingerprint Sensor ကိုလည်းတပ်ဆင်ပေးထားပါတယ်။ Memory card လည်းထပ်စိုက်လို့ရပါတယ်။ SIM card ၂ ကဒ် ထည့်သွင်းအသုံးပြုနိုင်ပြီး 2G Network မှ 4G Network အထိအသုံးပြုနိုင်ပါတယ်။ အင်တာနက်သုံးမယ်ဆိုရင်လည်း Dual SIM,Dual Standby ပါပဲ။ Xiaomi ကထုတ်ခဲ့တဲ့စမတ်ဖုန်းတွေထဲမှာတော့ Mi Max က Screen မျက်နှာပြင်အကြီးဆုံးဖုန်းဖြစ်ပါတယ် ။ မြန်မာပြည်အနေအထားအနေနဲ့ဆိုရင် Android ဖုန်းတွေဝယ်ယူတဲ့အခါ Budget အနေနဲ့လည်း ကိုးသိန်းကျော်အထိသုံးမယ်ဆိုရင် Samsung ထုတ်မော်ဒယ်မြင့်ဖုန်းကိုရွေးချယ်သင့်ပြီး Budget အသင့်အတင့်နဲ့ပဲ ဖုန်းကောင်းကောင်းသုံးချင်တယ်ဆိုရင်တော့ Xiaomi ထုတ်ထဲကနေရွေးချယ်သင့်ပါတယ်။
9008 Mode ဆိုတာ Qualcomm processer ရဲ့ Emergency Download Mode ကို ဆိုလိုတာပါ။ 9008 ကို တစ်နည်းအားဖြင့် Qualcomm HS USB QDloader Mode လို့လဲခေါ်ပါတယ် Qualcomm ဖုန်းတစ်လုံး Hardware ပိုင်းသာ ကောင်းနေပါစေ 9008 Mode ၀င်လို့ ရ ရင် Software ပိုင်းအနေနဲ့ ဘာပဲဖြစ်နေဖြစ်နေ ကယ်တင်လို့ ရပါတယ်။ 9008 Mode ၀င်ဖို့ Computer မှာ Qualcomm Hs USb Driver ကိုတော့ မောင်းနှင်ပေးထားရပါမယ်။ Xiaomi Bootloader Lock ဖုန်းတွေကို Firmware ပြန်တင်ဖို့ဆိုရင်တော့ 9008 Mode မှ တင်ပေးရပါတယ်။ ADB Command ဖြင့် 9008 mode ဝင်နည်း Adb Mode သိသေးတဲ့ အနေအထားဆိုရင် adb reboot edl လို့ ရိုက်လိုက်ပါက 9008 ကို ရောက်ပါတယ် ။ 9008 ကို ရောက်မရောက် ဘယ်လိုကြည့် မလဲ ဆိုတော့ Computer မှာ window key+R key ကို တွဲနှိပ်ပြီး RUN Box ခေါ်လိုက်ပါ ပြီးရင် devmgmt.msc လို့ ရိုက်လိုက် Device Manager ကိုရောက်သွားရင် Device Manager ရဲ့ Ports(COM&LPT) ဆိုတဲ့ နေရာမှာ Qualcomm HS-USB QDloader 9008 ( COM*) ဆိုပြီးပေါ်နေပါလိမ့်မယ် သို့သော် ဒီနည်းကအလုံးတိုင်းတော့ ရမည် မဟုတ်ပါ။
Comments
Post a Comment