Skip to main content

XIaomi User များသိထားသင့်သော

MI ဖုန်းတစ်လံုးဝယ်လို့ MIUI စကိုင်တာနဲ့ ကြံုတွေ့ရတတ်တဲ့ ခေါင်းခဲစရာလေးများ

(1) Software တစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့ စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် - Setting >> Additional Setting >> Privacy >> Unknown Sources ကိုအမှန်ခြစ်ပေးလိုက်ပါ

(2) Developer Option မတွေ့တာ
ဖြေရှင်းရန် - Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ

(3) Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် - Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသံုးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ

(4) Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
ဖြေရှင်းရန် - Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆံုးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ

(5) Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် - Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ

(6) Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် - (၁) Setting >> Sound >> Phone Ringtone>> အပြာဝိုင်းလေးနှင့် မြားလေးအောက်ဆိုက်နေသော Offline icon >> အောက်နားတွင် browse >> ထိုမှတစ်ဆင့် ဖိုင်ထဲတွင် လိုသော Ringtone ပြောင်းပါ

(7) flash light ကို apk သွင့်ဖို့မလိုပဲ phone icon >> setting >> Incoming call setting >> flash when riging အမှန်ခြစ်ပေးလိုက်ပါ။


Comments

Popular Posts

Qualcomm Mode ( QDloader 9008 Mode) ဝင်နည်း

        9008 Mode ဆိုတာ Qualcomm processer ရဲ့ Emergency Download Mode ကို ဆိုလိုတာပါ။ 9008 ကို တစ်နည်းအားဖြင့် Qualcomm HS USB QDloader Mode လို့လဲခေါ်ပါတယ် Qualcomm ဖုန်းတစ်လုံး Hardware ပိုင်းသာ ကောင်းနေပါစေ 9008 Mode ၀င်လို့ ရ ရင် Software ပိုင်းအနေနဲ့ ဘာပဲဖြစ်နေဖြစ်နေ ကယ်တင်လို့ ရပါတယ်။ 9008 Mode ၀င်ဖို့ Computer မှာ Qualcomm Hs USb Driver ကိုတော့ မောင်းနှင်ပေးထားရပါမယ်။ Xiaomi Bootloader Lock ဖုန်းတွေကို Firmware ပြန်တင်ဖို့ဆိုရင်တော့ 9008 Mode မှ တင်ပေးရပါတယ်။ ADB Command ဖြင့် 9008 mode ဝင်နည်း             Adb Mode သိသေးတဲ့ အနေအထားဆိုရင် adb reboot edl လို့ ရိုက်လိုက်ပါက 9008 ကို ရောက်ပါတယ် ။ 9008 ကို ရောက်မရောက် ဘယ်လိုကြည့် မလဲ ဆိုတော့ Computer မှာ window key+R key ကို တွဲနှိပ်ပြီး RUN Box ခေါ်လိုက်ပါ ပြီးရင် devmgmt.msc လို့ ရိုက်လိုက် Device Manager ကိုရောက်သွားရင် Device Manager ရဲ့ Ports(COM&LPT) ဆိုတဲ့ နေရာမှာ Qualcomm HS-USB QDloader 9008 ( COM*) ဆိုပြီးပေါ်နေပါလိမ့်မယ် သို့သော် ဒီနည်းကအလုံးတိုင်းတော့ ရမည် မဟုတ်ပါ။    

Xiaomi Phone Test Point

Mi Note 3 Mi Mix 2 Mi Mix MI Max 2 Mi Max Mi A1 Mi 6 Mi 5x Mi 5s Plus Mi 5s Mi 5 Mi 4 Mi 3 Mi 2 Redmi 2 Redmi 3 Redmi 3x/s Redmi 4 Redmi 4a Redmi 5 Plus Redmi 5 Redmi 5a Redmi Note 5a Redmi Note 4x Redmi Note 3 Pro Redmi Note 4G

HUAWEI NOTI THEME FIXER

Huawei phone တွေ Firmware ရေးပြီး နို့သီး အလုပ်မလုပ်လျှင် Fix လုပ်လို့ရမယ့် Software လေးပါ😋၊ EMMC Info တွေလည်း ကြည့်လို့ ရပါတယ်၊ 830 MB ကျော်တဲ့ Software ကို 2MB ဖြစ်အောင် High Compress လုပ်ထားတဲ့အတွက် ဒေါင်းတဲ့သူတွေ ဖုန်းဘေ အကုန်အကျ အရမ်းသက်သာပါတယ်၊  လိုအပ်တဲ့သူတွေ၊ စမ်းကြည့်ချင်တဲ့ သူတွေ အောက်က Link ကိုနှိပ်ပြီး ဒေါင်းထားကြပေါ့။ credit>GSM Crack and Solution Download