ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပ
၁၇ ဇူလိုင် ၂၀၁၆ ဒီနေ့ ကွန်ပျူတာသုံးမြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့် စာပေးပို့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲကို MUA က ပါဝင်ပြီး ပြုလုပ်ခဲ့ပါသည်။ ပီကေကွန်ဒို အောက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မှာ ရှိတဲ့ ပန်မြန်မာ ရုံးခန်းမှာ ဒီကနေ့ နေ့လည် ၁နာရီမှာ စတင် ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် ကြော်ငြာ ဒါရိုက်တာ ကိုမောင်မောင်ဆန်းမှ အစိုးရအား စာပို့တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် ဦးဆောင် ရှင်းလင်း ပြောကြားကာ ဘာကြောင့် မြန်မာယူနီကုဒ်စံစနစ်ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်းနှင့် မသုံးစွဲပါက ဖြစ်လာနိုင်သည့် အကျိုးအပြစ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှင်းလင်းပွဲ အကြောင်းအရာပါ အချက်များနှင့် ပတ်သက်ပြီး သတင်းမီဒီယာများမှ သိလိုသည်များကို Fairway မှ ဆရာအိမောင်ကလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
၂၇ ဧပြီ ၂၀၁၆ ရက်တွင် စာတင် တောင်းဆိုမှုအတွက် change.org
၌ စစ်တမ်းကောက် လက်မှတ်ထိုးယူမှု တစ်ခု ပြုလုပ်ခဲ့ရာ ပါဝင်လက်မှတ်ထိုး
ထောက်ခံသူ ဦးရေ ၈၀၀ ကျော်ရှိသည်ကို တွေ့ရပါသည်။ ဒီလင့်မှာ
သွားရောက်ကြည့်ရှု့နိုင်ပါသည်။
ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း - စစ်တမ်း ကောက် လက်မှတ် ထိုးယူခြင်း
အဆိုပါစာအား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် အားလိပ်မူပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် အပါဝင်၊ သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော် နှင့် ဝန်ကြီးဌာန ၄ ခုတို့အား ပို့ဆောင်ခဲ့ပါသည်။
တောင်းဆိုစာတွင် ကွန်ပျူတာသုံးမြန်မာစာစံစနစ် ကူးပြောင်းသုံးစွဲရေးအတွက် အရေးကြီးသော အချက် ၇ ချက်အား အစိုးရမှ ဦးစီးဦးဆောင်ပြုကာ ဆောင်ရွက်ပေးပါရန် တောင်းဆိုခဲ့ကြပါသည်။ အဆိုပါ တောင်းဆိုစာအား အောက်ပါ လင့်တွင် ဒေါင်းယူကြည့်ရှု့နိုင်ပါသည်။
http://mmunicode.org/…/request…/mmunicode_request_to_gov.pdf
ပြည်ထောင်စုအစိုးရအား စာတင် တောင်းဆိုရာတွင် MUA အပါအဝင်၊ ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များ အသင်း)၊ မွန်သမိုင်းသုတေသနအသင်း၊ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း၊ မွန်စာပေနှင့် ယဉ်ကျေးမှုဗဟိုအဖွဲ့၊ ပအိုဝ်ႏစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တို့က ပူးပေါင်း ပါဝင် ထားကြပါသည်။
ကျွန်ုပ်တို့ မြန်မာယူနီကုဒ် ဧရိယာ အဖွဲ့အနေဖြင့် မြန်မာစာတိုင်းရင်းသားအားလုံးတို့ ကိုယ်စား အမြန် ကူးပြောင်းသုံးစွဲနိုင်ရေး မျှော်လင့်မိပါသည်။
http://www.mmunicode.org/news/mmunicode_request_to_gov

Comments
Post a Comment