Skip to main content

အလွန်အရေးပါသော file extension.

ဒီနေ့တော့ သတိရသလောက် file extension နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေး နဲနဲပါးပါး ရွှီးရွှမ်းကြည့်မယ်ဗျာ။

File extension ဆိုတာ ရှိနေတဲ့ ဖိုင်ဟာ ဘယ်လို ဖိုင်အမျိုးအစားဖြစ်ပါတယ်ဆိုတာကို ဖေါ်ပြပေးတဲ့ အမျိုးအစားခွဲခြားပြသည့် အမှတ်သဖြစ်ပါတယ်။ မသိတဲ့လူတွေအတွက် ထင်သာမြင်သာတဲ့ ဥပမာပေးရ ရင် Facebook.apk ဆိုတဲ့ software လေးမှာ Facebook ဆိုတဲ့ နာမည်နောက်က ဒေါ့တ် (.) ပြီးရင်ရေးထားတဲ့ apk ဆိုတာ သူ့ရဲ့ file extension ပါ။ apk ဆိုတာ Android package အတိုခေါက် ခေါ်တာပါ။ file extension တွေ ရဲ့ အဓိပ္ပါယ် ဘာလဲ ဆိုတဲ့အကြောင်း ဆွေးနွေးမှာ မဟုတ်တဲ့အတွက် နိဒါန်းကို ဒီမှာ နားမယ်။

     OK, Computer မှာ program တစ်ခု သွင်းတိုင်း program နဲ့ သက်ဆိုင်တဲ့ file type လေးတွေပါ တပါတည်း ပါဝင်တက်ပါတယ်။ ဥပမာ - something.psd ဆိုတဲ့ file လေး ရှိတယ် ဆိုပါစို့။ ကိုယ့်ကွန်ပျူတာထဲမှာ Adobe Photoshop installed လုပ်မထားဘူးဆိုရင် something.psd ဆိုတဲ့ ဖိုင်ကို ကွန်ပျူတာက unknown file လို့ပဲ ပြနေမှာပါ။ ဘာလို့လဲဆိုတော့ Windows ရဲ့ default file type တွေထဲမှာ .psd  မပါဝင်လို့ပါပဲ။ အဲဒီ something.psd  ကို double click နဲ့ ဖွင့်ကြည့် open with ဆိုပြီး ဖွင့်ရမယ့် program တောင်းလိမ့်မယ်။ Adobe Photoshop ရှိတယ်ဆိုရင်တော့ တန်းပြီး ပွင့်လာလိမ့်မယ်။

   ကျွန်တော် ပြောချင်တာက file extension ကို ကစားနည်းလေးပါ။ အလွန် အသုံးဝင်ပါတယ်။ Folder lock, Windows lock တွေ သုံးစရာ မလိုတော့ဘူး။ ကိုယ်ဝှက်ချင်တာ ဖွင့်မကြည့်စေချင်တာတွေကို ပုံဖျက် ပုန်းရှောင်နည်းပေါ့။ အိုစကေ ဇာတ်လမ်းမစခင် file type လေး အချို့နဲ့ မိတ်ဆက်ပေးဖို့ လိုမယ်ထင်တယ်။ ကွန်ပျူတာဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ် အသုံးပြုသူတိုင်း သိထားသင့်တာက file format ပါ။ ဓါတ်ပုံတွေဆိုရင် အသုံးအများဆုံးက .jpg or .JPEG, .PNG, .BMP. ဗွီဒီယို တွေဆိုရင် အသုံးများတာတွေက .mp4, .avi, .3gp and .MPEG စသဖြင့်ပေါ့။ အသံဖိုင်တွေဆိုရင် .mp3, .WMA, .ogg စသဖြင့်သုံးကြပါတယ်။ ဒါက လူသိများ အသုံးများတာလေးတွေ ဥပမာ ပြောတာ။ အိုကေ အလုပ်စမယ်။

    Computer ရဲ့ default သက်မှတ်ချက်အရ  file type တွေကို hide ထားတယ်ဗျ။ file extension တွေ မြင်ရဖို့ အတွက် ကွန်ပျူတာရဲ့ control panel ကို သွားပါ။ files and folder ထဲဝင် Folder options  ထဲက check box လေးတွေထဲမှာ Hide extension for known file type ဆိုတာလေးကို အမှန်ခြစ် ဖြုတ်ပါ။ ပြီးရင် apply and OK ပေး။ အကုန်ပိတ်ပြီး ပြန်ထွက်ခဲ့တော့။

    Files တွေကို ပြန်ကြည့် ဘာထူးလဲလို့။ File နော် Folder မဟုတ်ဘူး။ Filebနာမည်လေးတွေရဲ့ နောက်မှာ ( . ) လေးနဲ့ နောက်က file type လေးတွေပါ ပေါ်နေပါလိမ့်မယ်။ ကဲဗျာ ရှင်းအောင် လက်တွေ့ ဥပမာလေးတစ်ခု လုပ်ကြည့်မယ်။ notepad ကိုဖွင့်မယ် I love you လို့ ရေးလိုက် ပြီးရင် desktop ပေါ်မှာ note ဆိုတဲ့ နာမည်နဲ့ save လိုက်။ Desktop မှာ သေချာကြည့် note.text ဆိုတဲ့ ဖိုင်လေး တွေ့လား။ Double click နဲ့ ဖွင့်လိုက် ကျွန်တော်တို့ ရေးထားတဲ့ I love you လေး ပေါ်တယ်ဟုတ်။ ပြန်ပိတ်လိုက်။ အဲဒီ note.text လေးကို mouse နဲ့ တချက်နှိပ် ပြီးရင် keyboard ပေါ်က f2  ခလုတ်လေး နှိပ်။ Cursor ကို " . " ရဲ့ နောက်မှာ ချ ပြီး text လေးကိုဖျက် ကြိုက်တာ တခုခု ဥပမာ - note.bin လို့ ပြောင်းလိုက်။ ပြီးရင် ပြန်ဖွင့်ကြည့် open with ဆိုပြီး ဘာနဲ့ ဖွင့်ရမှန်းမသိ ဖြစ်ပြီလေ။ ဘာလို့လဲဆိုတော့ notepad program က ဦးစားပေး ဖက်ပေးမယ့် file format ဖြစ်တဲ့ text မဟုတ်တော့ ဘာနဲ့ဖက်ရမှန်းမသိ ဖြစ်သွားတာ။ ပြန်ဖက်လို့ ရ ချင်ရင် နာမည်ပြန်ပြောင်းပြီး note.text ထားလိုက် I love you လေး ပြန်ပေါ်လာမယ်။ ဒါက ဖွင့်မရ ယုံသပ်သပ်ပဲ။

   ပြသနာ နဲနဲ ထပ်ရှာကြည့်မယ်။ စောနက note.text လေးကို rename နောက်တခါ လုပ်မယ်။ ဒီတခါ .txt လေးကို .jpg လို့ ပြောင်းလိုက်မယ်။ warning dialogue ပေါ်လာမယ် OK ပဲပေါ့။ သေချာ ကြည့်ကြည့် note.jpg ဆိုတဲ့ ဖိုင်ပုံစံလေးက ဓါတ်ပုံဖိုင်လေးနဲ့ တူမသွားဘူးလား? Double click နဲ့ ဖွင့်ကြည့် picture viewer ပွင့်လာပြီး error ပြလိမ့်မယ်။ ပြန်ပွင့်ချင်ရင် note.jpg ကို note.txt ပြန်ပြောင်းလိုက်ပေါ့။ သဘောတရားကတော့ ဒါပါပဲ။ ၂ နည်းရှိတယ် ပထမနည်းက ဖွင့်မရအောင် ပေါက်ကရ extension တခုခု ထားလိုက်တဲ့နည်း။ ဒုတိယနည်းက ဖွင့်မရအောင် အမျိုးမတူ extension တခုခု ထားလိုက်တာ။ ဓါတ်ပုံဖိုင်ကို ဗွီဒီယို extension ထားလိုက်ရင် player ပွင့်လာပြီး ပုံမပေါ်ဘူး ဖြစ်မှာပေါ့။ ဒီနည်းလေးတွေသုံးပြီး ကိုဝှက်ထားချင်တဲ့ ဓါတ်ပုံ၊ ဗွီဒီယို၊ စာအုပ် အစရှိတဲ့ ဖိုင်တွေကို extension လေး ပြောင်းပြီး သူများ ဖွင့်မရအောင် ပိတ်ထားလိုက်ရုံပဲ။

  တခု မမေ့ဖို့က extension ပြောင်း နာမည်ပြောင်း ကိစ္စတွေ ပြီးရင် folder options ထဲက check box မှာ hide extension for known file type ကို ပြန်ခြစ်ထားလိုက် စိတ်ချရတာပေါ့။ တော်သေးပြီ။
@MaungNyiZaw

Comments

  1. ဆြာကတော့နောက်တော့မယ်ဗျာ မှန်ပါတယ် ကျော်လည်း လုပ်နေနေကျဂိကိုးချင်တာလေးတွေ လာပြီးမမယ်လို့ အသိပေးခဲ့တယ်နော်😄😄😆😆

    ReplyDelete
    Replies
    1. လိုချင်တာမှမယ်ဆိုသော်လည်း ကိုယ့်စီဘာမှမရှိသောအခါဝယ်

      Delete

Post a Comment

Popular Posts

Qualcomm Mode ( QDloader 9008 Mode) ဝင်နည်း

        9008 Mode ဆိုတာ Qualcomm processer ရဲ့ Emergency Download Mode ကို ဆိုလိုတာပါ။ 9008 ကို တစ်နည်းအားဖြင့် Qualcomm HS USB QDloader Mode လို့လဲခေါ်ပါတယ် Qualcomm ဖုန်းတစ်လုံး Hardware ပိုင်းသာ ကောင်းနေပါစေ 9008 Mode ၀င်လို့ ရ ရင် Software ပိုင်းအနေနဲ့ ဘာပဲဖြစ်နေဖြစ်နေ ကယ်တင်လို့ ရပါတယ်။ 9008 Mode ၀င်ဖို့ Computer မှာ Qualcomm Hs USb Driver ကိုတော့ မောင်းနှင်ပေးထားရပါမယ်။ Xiaomi Bootloader Lock ဖုန်းတွေကို Firmware ပြန်တင်ဖို့ဆိုရင်တော့ 9008 Mode မှ တင်ပေးရပါတယ်။ ADB Command ဖြင့် 9008 mode ဝင်နည်း             Adb Mode သိသေးတဲ့ အနေအထားဆိုရင် adb reboot edl လို့ ရိုက်လိုက်ပါက 9008 ကို ရောက်ပါတယ် ။ 9008 ကို ရောက်မရောက် ဘယ်လိုကြည့် မလဲ ဆိုတော့ Computer မှာ window key+R key ကို တွဲနှိပ်ပြီး RUN Box ခေါ်လိုက်ပါ ပြီးရင် devmgmt.msc လို့ ရိုက်လိုက် Device Manager ကိုရောက်သွားရင် Device Manager ရဲ့ Ports(COM&LPT) ဆိုတဲ့ နေရာမှာ Qualcomm HS-USB QDloader 9008 ( COM*) ဆိုပြီးပေါ်နေပါလိမ့်မယ် သို့သော် ဒီနည်းကအလုံးတိုင်းတော့ ရမည် မဟုတ်ပါ။    

Xiaomi Phone Test Point

Mi Note 3 Mi Mix 2 Mi Mix MI Max 2 Mi Max Mi A1 Mi 6 Mi 5x Mi 5s Plus Mi 5s Mi 5 Mi 4 Mi 3 Mi 2 Redmi 2 Redmi 3 Redmi 3x/s Redmi 4 Redmi 4a Redmi 5 Plus Redmi 5 Redmi 5a Redmi Note 5a Redmi Note 4x Redmi Note 3 Pro Redmi Note 4G

HUAWEI NOTI THEME FIXER

Huawei phone တွေ Firmware ရေးပြီး နို့သီး အလုပ်မလုပ်လျှင် Fix လုပ်လို့ရမယ့် Software လေးပါ😋၊ EMMC Info တွေလည်း ကြည့်လို့ ရပါတယ်၊ 830 MB ကျော်တဲ့ Software ကို 2MB ဖြစ်အောင် High Compress လုပ်ထားတဲ့အတွက် ဒေါင်းတဲ့သူတွေ ဖုန်းဘေ အကုန်အကျ အရမ်းသက်သာပါတယ်၊  လိုအပ်တဲ့သူတွေ၊ စမ်းကြည့်ချင်တဲ့ သူတွေ အောက်က Link ကိုနှိပ်ပြီး ဒေါင်းထားကြပေါ့။ credit>GSM Crack and Solution Download